Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကချင်ပြည်နယ် တနိုင်းမြို့ရှိ ဧကရာဇ်ရွှေဆိုင် အနုကြမ်းစီးလုယက်ခံရ၊ ရွှေ ၁၂ ကျပ်သားကျော် ပါသွား

၂၀၂၅၊ဇွန်လ၊၁၉ရက်

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ဧကရာဇ်ရွှေဆိုင်ဟာ ယနေ့နံနက်ပိုင်းက အမျိုးသားသုံးဦးရဲ့ အနုကြမ်းစီးလုယက်မှုကို ခံခဲ့ရပြီး ဆိုင်ဝန်ထမ်းတစ်ဦး ကတ်ကြေးနဲ့ထိုးခံရကာ ရွှေ ၁၂ ကျပ်သားကျော် ပါသွားကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က မိုးကာအင်္ကျီခြုံထားသော အမျိုးသားသုံးဦးဟာ ရွှေဆိုင်အတွင်းကို ဝင်ရောက်လာပြီး ဆိုင်စောင့်နေတဲ့ လူငယ်အား ကတ်ကြေးဖြင့်ထိုးကာ ဆိုင်အတွင်းရှိ ရွှေ ၁၂ ကျပ်သားကျော်ကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ဖမ်းဆီးရမိရန်အတွက် တနိုင်းရဲတပ်ဖွဲ့နှင့် တနိုင်းမြို့မ ပြည်သူ့စစ်တပ်အဖွဲ့တို့သည် ရွှေဆိုင်သို့ လာရောက်စစ်ဆေးလျက်ရှိပါတယ်။

လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူ ဆိုင်ဝန်ထမ်းအား ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့် အနုကြမ်းစီးခဲ့သူ သုံးဦးကိုလည်း ရှာဖွေဖမ်းဆီးနေကြောင်း သိရပါတယ်။

#mercury#mercurynews#တနိုင်း#မြန်မာ#မှုခင်း