Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကနေဒါ၊ သြစတြေးလျနှင့် ဗြိတိန်တို့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြု

ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။အခုလိုဆုံးဖြတ်ချက်ဟာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ လုပ်ဆောင်မှုများနဲ့ ပူးပေါင်းပြီး အနာဂတ် ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ မဟာဗျူဟာပြောင်းလဲမှုတစ်ရပ်ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာများက ဖော်ပြပါတယ်။

ကနေဒါဝန်ကြီး မာ့ခ် ကားနီ က အစ္စရေးရဲ့ နယ်ချဲ့မှု၊ ဂါဇာစစ်ပွဲနဲ့ပါလက်စတိုင်းရဲ့ အနာဂတ်အခွင့်အလမ်းများ ချိုးဖောက်ခံနေရမှုတို့ကို ဦးစားပေးပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်စောင့်ဆိုင်းနိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုရင်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ ဟားမက်စ်ကို အားပေးခြင်းမဟုတ်ဘဲ ပါလက်စတိုင်းရဲ့ ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

သြစတြေးလျဝန်ကြီး အန်ထော်နီ အယ်လ်ဘနီးစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပဲနီ ဝေါင် တို့ကလည်း အခုဆုံးဖြတ်ချက်ကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ရေရှည်တာဝန်ယူမှုတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြပြီး ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီတို့နဲ့ ပူးပေါင်းအကောင်အထည်ဖော်သွားမယ်လို့ ကတိပေးခဲ့ကြပါတယ်။

နိုင်ငံတကာ သုံးသပ်သူများက အခုဆုံးဖြတ်ချက်ဟာ အနောက်တိုင်းနိုင်ငံများအတွက် အရေးကြီးတဲ့ နိုင်ငံရေးပြောင်းလဲမှုတစ်ခုအဖြစ် ရှုမြင်ကြပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့အဖွဲ့ကတော့ အခုလုပ်ရပ်ဟာ ဟားမက်စ်ကို အားပေးပြီး အစ္စရေးအပေါ် ဖိအားတိုးလာနိုင်တာ‌ ကြောင့်ကန့်ကွက်ဝေဖန်နေကြပါတယ်။

အာရပ်အဖွဲ့ချုပ်ကမူ အခုဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက် မဖြစ်မနေလိုအပ်သည့် အခြေခံအဆင့်တစ်ခုဟု သတ်မှတ်ခဲ့ကြပြီး နှစ်နိုင်ငံဖြေရှင်းနည်းဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နိုင်ငံတကာအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ပါလက်စတိုင်း#ဗြိတိန်