ကမ္ဘာအနှံ့ ပရိသတ်အခိုင်အမာရရှိခဲ့ပြီး နိုင်ငံတကာမှာပါ အောင်မြင်မှုရခဲ့တဲ့ ‘Prison Break’ ရုပ်သံစီးရီးအတွက် နောက်ထပ်စီးရီးအသစ်တစ်ခု ထပ်မံထွက်ရှိလာတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပြီဖြစ်ပါတယ်။
စီးရီးအသစ်ဟာ မူရင်း ‘Prison Break’ ဇာတ်လမ်းတည်ရာ ကမ္ဘာထဲမှာသာ အခြေခံထားမှာဖြစ်ပေမယ့်လည်း ဇာတ်လမ်းအသစ်၊ ဇာတ်ကောင်အသစ်များနဲ့ ပုံဖော်သွားမှာဖြစ်သောကြောင့် ပရိသတ်များ ရင်းနှီးပြီးသား ဇာတ်ကောင်ဟောင်းများ ပြန်လည်ပါဝင်လာဖွယ်မရှိတော့ကြောင်း သိရပါတယ်။
လာမယ့်စီးရီးသစ်ကို မူရင်း ‘Prison Break’ စီးရီးဖန်တီးရှင်ကိုယ်တိုင် ဦးဆောင်ထုတ်လုပ်သွားမှာဖြစ်ပြီး၊ အဓိကဇာတ်အိမ်ဟာ စစ်ပြန်ဟောင်း အကျဉ်းထောင်ဝန်ထမ်း အမျိုးသမီးတစ်ဦးအကြောင်း ဖြစ်ကာ အမေရိကန်နိုင်ငံရှိ အကြမ်းတမ်းဆုံးနှင့် အခက်ထန်ဆုံးထောင်တစ်ခုမှာ သူမချစ်သောသူတစ်ဦးကို ရေဆုံးမြေဆုံး လိုက်လံကယ်တင်ပုံကို ပုံဖော်ထာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စီးရီးသစ်အတွက် သရုပ်ဆောင်များ ရွေးချယ်ပြီးစီးပြီဖြစ်တာကြောင့် မကြာမီ စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
#mercury#mercurynews#ရုပ်ရှင်#နိုင်ငံတကာ#အနုပညာ#Prison Break