‘ကမ္ဘာ့စိတ်ကျန်းမာရေးနေ့’ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိပြီး အနုပညာ၊ ဂီတ၊ ပြဇာတ်စတဲ့ကုထုံးတွေပါ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပွဲကို အောက်တိုဘာလ(၁၀)ရက်မှ(၁၂)ရက်အထိ ကမ္ဘာအေးဘုရားလမ်းနဲ့ နတ်မောက်လမ်းထောင့်ရှိ Goethe-Institut Myanmar မှာကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး စိတ်ကျန်းမာရေး အထောက်အပံ့များ အလွန်လိုအပ်လာနေသော်လည်း ဝန်ဆောင်မှုများရရှိနိုင်ခြင်းမှာ နည်းပါးနေဆဲဖြစ်ပါတယ်။
အဲဒီအတွက် Goethe-Institut Myanmar နဲ့ Academy of Care (AoC) တို့က မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ “Stronger Together: Collective Care and Creative Recovery in Crisis” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၃ ရက်တာ အစီအစဉ် ကို Goethe-Institut Myanmar မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၅ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အစီအစဉ်များဒီနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ခေါင်းစဉ်မှာ – “Access to Services – Mental Health in Catastrophes and Emergencies” ဖြစ်ပါတယ်။
အနုပညာ၊ ဂီတ၊ ပြဇာတ် စတဲ့ ဖန်တီးဆန်းသစ်တဲ့ ကုထုံးနည်းလမ်းတွေကို အသုံးပြုပြီး စိတ်ကျန်းမာရေး အထောက်အပံ့များ ပေးနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြသွားမယ့် အစီအစဉ်ဖြစ်သလို၊ ဆွေးနွေးနိုင်မယ့်နေရာတွေ ဖန်တီးပေးပြီး ခံနိုင်ရည်နဲ့ ဂရုစိုက်မှု တိုးတက်ဖို့ ခိုင်မာတဲ့ ကွန်ယက်တွေ တည်ဆောက်သွားမယ့် အစီအစဉ်လည်း ဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း