Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယ လူဦးရေ အနည်းဆုံး ကိပ်ဗာဒီနိုင်ငံ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်

၂၀၂၅၊အောက်တိုဘာလ၊၁၄ရက်

အာဖရိကတိုက်ရဲ့ ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ကိပ်ဗာဒီ (Cape Verde) ဟာသူတို့ရဲ့ ဘောလုံးသမိုင်းမှာ အထင်ရှားဆုံး အောင်ပွဲကို ရယူနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲကို ပထမဆုံးအကြိမ် အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အက်စ်ဝါတနီ (Eswatini) အသင်းကို (၃-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကိပ်ဗာဒီဟာ အုပ်စုပထမနေရာကို ရယူကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒါဟာ ကိပ်ဗာဒီ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပွဲပြိုင်ကြီးမှာပါဝင်ခွင့်ရခြင်းဖြစ်ပါတယ်။

ကိပ်ဗာဒီနိုင်ငံဟာ လူဦးရေ ၅၉၀,၀၀၀ (ငါးသိန်းကိုးသောင်း) ခန့်သာရှိတဲ့ ကမ္ဘာပေါ်က လူဦးရေအနည်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အခု ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုနဲ့အတူ ကိပ်ဗာဒီနိုင်ငံဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ခြေစစ်ပွဲအောင်မြင်တဲ့ နိုင်ငံတွေထဲက အိုက်စ်လန် (Iceland) ပြီးရင် လူဦးရေ ဒုတိယအနည်းဆုံး နိုင်ငံအဖြစ် စံချိန်တင်လိုက်ပြီဖြစ်ပါတယ်။

#mercury#mercurynews#ကမ္ဘာ့ဖလား#CapeVerde#ခြေစစ်ပွဲအောင်