မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibility Committee) ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခံလိုက်ရကြောင်း သိရပါတယ်။
ခန့်အပ်မှုကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ မှာ ကျင်းပခဲ့တဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ဦးဇော်ဇော်ဟာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ လေးနှစ်တာကာလအတွက် တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးဇော်ဇော်ဟာ လက်ရှိမှာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) အကြီးတန်းဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ AFC ရဲ့ လူမှုရေးရာကော်မတီဥက္ကဋ္ဌနဲ့ AFC Dream Asia Foundation ရဲ့ Board of Trustees တစ်ဦးအဖြစ်ကိုလည်း ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
ဖီဖာရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ Javier Zanetti က ဆောင်ရွက်သွားမှာဖြစ်ပြီး၊ စုစုပေါင်း အဖွဲ့ဝင် ၂၁ ဦး ပါဝင်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားကြမှာ ဖြစ်ပါတယ်။
#mercury#mercurynews#ဘောလုံး#FIFA#ဦးဇော်ဇော်
See less