Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကမ္ဘာ့ရွှေဈေးတစ်ပတ်အတွင်း (၅၇)ဒေါ်လာအထိကျဆင်းခဲ့

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၆)ရက်

ကမ္ဘာ့ရွှေဈေးဟာ သြဂုတ်လ(၁၁)ရက်ကနေ(၁၆)ရက်အတွင်း (၅၇)ဒေါ်လာအထိကျဆင်းခဲ့ပြီး ရက်အလိုက် တက်လိုက်ကျလိုက်နဲ့ ဈေးမငြိမ်သက်မှုတွေရှိခဲ့တယ်လို့ ရွှေဈေးကွက် websiteတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

သြဂုတ်လ(၁၁)ရက်မှာ တစ်အောင်စကို ၃၃၉၂.၁၃ဒေါ်လာပေါက်ရာမှ သြဂုတ်လ(၁၆)ရက်မနက်ပိုင်းမှာတော့ ၃၃၃၅.၀၅ ဒေါ်လာပဲရှိတော့တာဖြစ်ပါတယ်။

အဲဒီ့လို ကမ္ဘာ့ရွှေဈေးကျပေမယ့် ပြည်တွင်းရွှေဈေးသိပ်မကျဘဲ တစ်ကျပ်သားကိုရည်ညွှန်းဈေးကျပ် (၅၈)သိန်း(၉)သောင်းနဲ့ ပြင်ပရွှေဈေးကွက်မှာတော့ (၇၇)သိန်းကျော်(စနစ်ဟောင်း)၊(၇၅)သိန်းကျော်(စနစ်သစ်)ပေါက်ခဲ့တယ်လို့ သိရပါတယ်။