—————————————————————————————————
အခုရက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်ရှိန်ထိုးကျဆင်းလာနေတယ်လို့ ရွှေဈေးကွက် websiteတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာလ(၃၀)ရက်မှာ တစ်အောင်စကို ၄၀၄၀.၃၅ ဒေါ်လာရှိရာမှ နိုဝင်ဘာလ(၅)ရက်မှာတော့ တစ်အောင်စကို ၃၉၃၈.၆၂ဒေါ်လာပဲရှိတော့ တယ်လို့ဆိုပါတယ်။
မြန်မာ့ရွှေဈေးဟာလည်း ပြင်ပဈေးကွက်မှာ အရင်ကတစ်ကျပ်သားကို (၈၅)သိန်းကျော်အထိတက်သွားရာမှ အခုဆိုရင်သိန်း(၈၀)ကို ပြန်ရောက်လာတော့မယ်လို့ ရွှေလေ့လာတဲ့ Pageတွေ ကဖော်ပြထားပါတယ်။
ရွှေရည်ညွှန်းဈေးကိုတော့ ခုရက်ပိုင်းမှာတစ်ကျပ်သားကို (၅၉)သိန်း(၇)သောင်းနဲ့ရောင်းချဖို့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားပြီး ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေလိုက်နာဖို့ တိုက်တွန်းထားပါတယ်။
#mercury#mercurynews#ရွှေဈေး#စီးပွားရေး#မြန်မာ#ပြည်တွင်းသတင်း
