ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက် က ကမ္ဘောဒီးယားနဲ့ ထိုင်းနှစ်နိုင်ငံ နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မလေးရှားနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
ဟွန်မန်နက်က “ကျွန်တော့်အနေနဲ့ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် ကွာလာလမ်ပူ မှာ ကျင်းပမယ့် အထူးအစည်းအဝေးတက်ရောက်မှာဖြစ်တယ်” လို့ပြောခဲ့ပြီး ဒီအစည်းအဝေးဟာ ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ရရှိထားတာဖြစ်ပြီး ရည်မှန်းချက်ကတော့ “အပစ်အခတ်ရပ်စဲရေး ချက်ချင်းရရှိဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဟွန်မန်နက်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါ ရဲ့ ဒီအထူးအစည်းအဝေးကို အဆိုပြုမှု၊ ညှိနှိုင်းပေးမှုနဲ့ ကြီးမှူးကျင်းပပေးမှုကို ကျေးဇူးတင်ကြောင်းလည်း ပို့စ်မှာ ဖော်ပြထားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ ဖိတ်ကြားမှုအရ ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai လည်း ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှာ ဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးဖို့ အဖွဲ့ကို ဦးဆောင်ပြီး မလေးရှားကို သွားရောက်မယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ဇူလိုင် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
Ref;Xinhua
#mercury#mercurynews#နိုင်ငံတကာသတင်း#ထိုင်း#ကမ္ဘောဒီးယား