Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကရင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်၍ မိုးစပါး (၂၉၃၄၉)ဧကရေဖုံးလွှမ်းထိခိုက်

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၆)ရက်

ကရင်ပြည်နယ်မှာ ရေကြီးနစ်မြုပ်လို့ စိုက်ပျိုးပြီးမိုးစပါး (၁၉၁၅၃၁) ဧကအနက် မိုးစပါး (၂၉၃၄၉) ဧကရေဖုံးလွှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ရေဖုံးလွှမ်းခဲ့မှုကြောင့် ဩဂုတ်(၄)ရက်အထိ (၁၁၄၃၆)ဧက ရေပြန်ပေါ်ပြီး (၃၄၄၉)ဧက ထိခိုက်ပျက်စီးခဲ့ရာ အချိန်မီပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထိခိုက်လယ်မြေတွေမှာ ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေး၊ ပျက်စီးလယ်မြေတွေ အချိန်မီပြန်လည် ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လိုအပ်တဲ့ လယ်ယာသုံးစက်ကိရိယာတွေ ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးစပါးနဲ့သွင်းအားစုများ ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#mecury#mercurynews#မြန်မာ#ကရင်#ပြည်တွင်းသတင်း#မိုးစပါး