Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကရင်၊သံတောင်မြို့တွင် မိုးကြီး၊ရေလျှံမြေပြို၍ (၈)ဦး သေဆုံး၊စိုက်ပျိုးရေးတံတားပါကျိုးကျ

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၆)ရက်

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နဲ့အနီးတဝိုက်မှာ ဒီကနေ့ထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကြီး၊ ရေကြီးကာမြေပြိုလို့ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒေသရှိခရစ်ယာန်အသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒေသခံအသက်ဆုံးရှုံးရသူ (၈) ‌ဦးထိရှိလာသလို ပျောက်ဆုံးသူတွေလည်းရှိသလို သံတောင်မြို့သစ် ၁၃ မိုင် အထက ကျောင်းအနား တံတားလေးအပါဝင် စိုက်ပျိုးရေးတံတားလည်း ပသိချောင်းရေတိုက်စား ကျိုးကျသွားပါတယ်။

ဥယျာဉ်ခြံမြေ အများအပြားဆုံးရှုံးရတာ၊ထီးပူခီးကျေးရွာ ပတ်ပတ်လည်မြေပြိုမှုကြောင့် တစ်ရွာလုံး ခေတ္တရှောင်နေရတာနဲ့သံတောင်ကြီး မြို့ လူနေအိမ် အများအပြား မြေပြိုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိနေပါတယ်။

တောင်ငူ-သံတောင်ကြီးလမ်း မြေပြိုမှုကြောင့် လမ်းပိတ်‌နေပြီးကျေးရွာလမ်းများစွာ ပျက်စီးသွားသောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။