Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ PSG ယှဉ်ပြိုင်ရမည်

၂၀၂၅၊ဇူလိုင်လ၊၁၀ရက်

အမေရိကန်နိုင်ငံမှာကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ချဲလ်ဆီးနဲ့ PSG အသီးသီးတက်ရောက်လာကြပြီးတနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ဗိုလ်လုသွားကြတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးက ဆီမီးဖိုင်နယ်မှာ ဖလူမီးနိစ့်ကို နှစ်ဂိုးပြတ်အနိုင်ရခဲ့သလို PSGအသင်းကလည်း ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ PSGအသင်းက ဗိုလ်စွဲဖို့ ပိုမို ရေပန်းစားနေပြီး ချဲလ်ဆီးကတော့ ရေပန်းစားမှုနည်းပါးနေသလို ရလာဒ်ပိုင်းတွေမှာလည်း PSGအသင်းကပိုမိုသာလွန်နေတာတွေ့ရပါတယ်။

#MERCURY#mercurynews#အားကစား#ချဲလ်ဆီး#PSG