Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကလေးနှလုံးလူနာ (၁၇)ဦးအား ရင်ခေါင်းဖွင့်စရာမလိုဘဲ ဗီယက်နမ်-မြန်မာ ကလေးအထူးကုများပူးပေါင်းပြီး စက်ဖြင့်ကုသပေးနိုင်ခဲ့

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃၁)ရက်

မွေးရာပါ နှလုံးရောဂါ ကလေးလူနာ (၁၇)ဦးအား ဗီယက်နမ်-မြန်မာကလေးအထူးကုတွေ ပူးပေါင်းပြီးခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

ကလေးလူနာတွေကို နှလုံးနှင့် သွေးကြောအထူးကုသစက် (Cardiac Catheterization Lab)မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော အဆို့(Device)တွေ၊ ဆေးနဲ့ ဆေးပစ္စည်း တွေ အသုံးပြုပြီး ကုသခြင်းနဲ့ ဘောလုံးဖြင့်ချဲ့ကာ ကုသခြင်းတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ တယ်လို့ဆိုပါတယ်။

အဲဒီ့လို ဆောင်ရွက်ရာမှာ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)မှာ ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children’s Hospital No. 1 မှ ကလေး နှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin ဟာ မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာ ခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံးဆေးကု) ခေါင်းဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်ကြီးတွေနဲ့အတူ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)မှာဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ ကလေး နှလုံးရောဂါဝေဒနာရှင် ၄၉၆ ဦးအား မခွဲစိတ်ရဘဲ နှလုံးနှင့် သွေးကြော အထူးကုသစက်များ အသုံးပြုပြီး လည်းကောင်း၊ ကလေးနှလုံးရောဂါဝေဒနာရှင် ၄၈၈ ဦးအား ခွဲစိတ်ကုသမှုများဆောင်ရွက်ပြီး လည်းကောင်း အောင်မြင်စွာ ကုသမှုများပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

photo credit-မူရင်း

#mercury#mercurynews#မြန်မာ#နှလုံးလူနာ#ပြည်တ္ငင်းသတင်း