Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကိုဗစ်တိုက်ဖျက်ရေး အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူဒေါက်တာမြင့်ထွေးကွယ်လွန်

——————————–

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၇)ရက်

ကိုဗစ်တိုက်ဖျက်ရေးအားကြိုးမာန်တက်ဆောင်ရွက်ခဲ့သူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန းဝန်ကြီး‌ဟောင်းဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီလို့ မိသားစုနဲ့နီးစပ်သူ၊တပည့်ရင်းတွေထံကနေ သိရပါတယ်။

ဇန်နဝါရီလ(၂၆)ရက်ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘာမင်ဂရက်ဆေးရုံမှာ ဆေးဝါးကုသနေတဲ့ ဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားတာလို့သိရပါတယ်။

ဒေါက်တာမြင့်ထွေးဟာ ရခိုင်ပြည်နယ်၊ စစ်တွေဇာတိဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာလည်း အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခဲ့ရာကနေ ၂၀၂၆ခုနှစ် NLD အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

အခုလိုကွယ်လွန်သွားတဲ့ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေးအတွက် သူ့မိတ်ဆွေတွေက လူမှုကွန်ရက်ပေါ်မှာ စိတ်မကောင်းကြောင်းတွေ ဖော်ပြနေကြပါတယ်။

#mercury#mercuryvariety#မြန်မာ#ပြည်တွင်းသတင်း