Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကိုဗစ်ပိုးတွေ့သူ(၁၇)ဦးထပ်တွေ့၊စုစုပေါင်း(၂၅)ဦးရှိပြီဖြစ်

——————————-

၂၀၂၅ခုနှစ်၊‌ဇွန်လ၊(၃)ရက်

မြန်မာနိုင်ငံမှာ ကိုဗစ် ရောဂါပိုးတွေ့သူ(၁၇)ဦးထပ်တွေ့ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန် ချက်အရ သိရပါတယ်။

စစ်ဆေးသူ ၁၇၇၈ ဦး (25-05-25 မှ 01-06-25 အထိ)မှာ ပိုးတွေ့သူ (၁၇) ဦး တွေ့ကာ ပိုးတွေ့ရာနှုန်း 0.96 % ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၅ခုနှစ်ထဲမှာ ကိုဗစ်ပိုးတွေ့သူစုစုပေါင်း(၂၅)ဦးရှိပြီဖြစ်ပြီး ကိုဗစ်ပထမလှိုင်းမှ ၂၀၂၅ခုနှစ်ဇွန်(၁)ရက်အထိ ကိုဗစ်ပိုးတွေ့သူစုစုပေါင်း ၆၄၃၂၅၆ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#c#COVID19 #ပြည်တွင်းသတင်း