အစီအစဉ်ရိုက်ကူးမည်
———————————————————————————————–
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၁)ရက်
ကိုရီးယား-မြန်မာ သံတမန်နှစ်(၅၀)ပြည့်အဖြစ် နှစ်နိုင်ငံပူးပေါင်းပြီးရုပ်သံဇာတ်လမ်းတွဲနဲ့ Sports Game ရုပ်သံအစီအစဉ်တို့ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။
ရုပ်သံဇာတ်လမ်းတွဲကို ကိုရီးယားနဲ့မြန်မာနိုင်ငံတို့မှာ ၂၀၂၅ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့မှာ အပြန်အလှန်သွားရောက်ပြီး ပူးပေါင်းရိုက်ကူးကြမှာဖြစ်ပါတယ်။
Sports Game ရုပ်သံ အစီအစဉ်ကိုလည်း ကိုရီးယားဒါရိုက်တာဖြင့် နေပြည်တော်မှာ Indoor/Outdoor ခွဲခြားကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းတွင် စတင်ရိုက်ကူးမည်ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲနဲ့ အားကစားရုပ်သံအစီအစဉ်ကို ၂၀၂၆ ခုနှစ်မတ်လအပြီး ထုတ်လုပ်ပြသနိုင်မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) နဲ့ ကိုရီးယားနိုင်ငံ KK Media Co., Ltd တို့ ပူးပေါင်းပြီး ခွဲဝေကျခံကာ ရိုက်ကူးထုတ်လုပ်ပြသသွားမှာဖြစ်ပြီး ကိုရီးယားနဲ့မြန်မာမှ လူငယ်အဓိကသရုပ်ဆောင်တွေ၊ ဇာတ်ပို့၊ဇာတ်ရန်တွေကိုရွေးချယ်တင်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#mercury#mercurynews#korea#ရုပ်ရှင်#အနုပညာ#မြန်မာ