Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကုန်းတွင်းပိုင်း မုန်တိုင်းငယ် အားလျော့သွားပေမည့် မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းရွာဦးမည်

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်

ကုန်းတွင်းပိုင်းမုန်တိုင်းငယ် အားလျော့သွားပေမယ့် မိုးတိမ်တောင်တွေကြောင့် မိုးထစ်ချုန်းရွာဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုထစ်ချုန်းရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(အရှေ့ပိုင်း)တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး၊အဲဒီ့ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသ