မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ် (Scam) လုပ်ငန်းများမှာ Starlink ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုကို အသုံးပြုနေခြင်းနဲ့ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်ကော်မတီက စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ကွန်ဂရက်အမတ်များဟာ အဆိုပါ Scam Center များမှာ Starlink အသုံးပြုကာ နိုင်ငံဖြတ်ကျော် ငွေလိမ်မှုများ ပြုလုပ်နေခြင်းအတွက် Starlink ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX ကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကတည်းက စာပို့မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ကော်မတီဖွဲ့ကာ တရားဝင် စစ်ဆေးမှုများ စတင်ခဲ့တာဖြစ်ပါတယ်။
ဂြိုဟ်တုဓာတ်ပုံများနဲ့ AFP သတင်းဌာနရဲ့ ဒရုန်းရုပ်ပုံများအရ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဝန်းကျင်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦသစ်များရဲ့ ခေါင်မိုးများပေါ်မှာ Starlink ဂြိုဟ်တုဖမ်းစက် (Dishes) များကို အများအပြား တပ်ဆင်ထားတာကို တွေ့ရသလို ရွှေကုက္ကိုလ် (KK Park) အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးပေါ်မှာဘဲ Starlink ဖမ်းစက် ၈၀ နီးပါး တင်ထားတာကို ဓာတ်ပုံမှတ်တမ်းများမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ Starlink ဟာ တရားဝင်လုပ်ငန်းလိုင်စင် မရှိပေမယ့်လည်း ဇူလိုင် ၃ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး အင်တာနက် ဝန်ဆောင်မှုပေးသူဖြစ်ခဲ့ကြောင်း APNIC ရဲ့ အချက်အလက်များက ဖော်ပြနေပါတယ်။
#mercury#mercurynews#ကျားဖြန့်#မြန်မာ#အမေရိကန်#တရုတ်