မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေးကုန်းကျေးရွာအနီးရှိ ထုံးကြီးချောင်းမှာ နွားမျောပါသွားလို့ လိုက်လံဆယ်ယူတဲ့ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ကျောက်ဆည်ခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Myanmar Rescue (ကျောက်ဆည်) ပရဟိတအသင်းဝင်များ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၀၈ မိနစ်အချိန်မှာ ရေနစ်သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို မီးအိမ်ရှင်မေတ္တာလူငယ်လူမှုကူညီရေးယာဉ်နဲ့ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#မြန်မာ#ကျောက်ဆည်#ရေနစ်သေဆုံး#ပြည်တွင်းသတင်း
