Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကြက်မောက်တောင်ဆည် နှစ်ပေါင်း(၅၀)အတွင်း ပထအမကြိမ်ရေပိုလွှဲကနေရေလျှံမှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိကြက်မောက်တောင်ရေလှောင်တမံ ဟာဒီကနေ့(စက်တင်ဘာလ၃၀)ရက်နေ့ မနက်ပိုင်းကစတင်ပြီးရေပိုလွှဲကနေရေကျော်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြက်မောက်တောင်ဆည်ရေပိုလွှဲကနေရေလျှံကျလာတဲ့အတွက်ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်းမ မိုင်တိုင်အမှတ် ၅၁/၄ ကနေ၅၁/၇ မိုင်တို့မှာ လမ်းယာယီပိတ်ထားတယ်လို့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
ကြက်မောက်တောင်ဆည်ဟာနှစ်ပေါင်းငါးဆယ်အတွင်းမှာပထမဦးဆုံးအကြိမ်ရေပိုလွဲကနေရေကျော်မှုဖြစ်ပွားတာဖြစ်တယ်လို့လည်းဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ကြက်မောက်တောင်ရေလှောင်တမံကို ၁၉၆၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၁၉၆၇ ခုနှစ်မှာ တည်ဆောက်မှုစီမံကိန်းကာလ ပြီးစီးခဲ့တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။