Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခရစ်စတီယာနို ရော်နယ်ဒို ကမ္ဘာ့ပထမဆုံး ဘီလျံနာဘောလုံးသမား ဖြစ်လာ

ပေါ်တူဂီဘောလုံးစူပါစတား ခရစ်စတီယာနို ရော်နယ်ဒို ဟာ ကမ္ဘာ့ဘောလုံးသမားတွေထဲမှာ ပထမဆုံးအကြိမ် ဘီလျံနာ (Billionaire) အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း နာမည်ကျော် Bloomberg မီဒီယာ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက်လုံး ရရှိခဲ့တဲ့ လစာဝင်ငွေများ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြော်ငြာခတွေကနေ စုစုပေါင်း ပေါင် ၁.၀၄ ဘီလီယံ (ဒေါ်လာ ၁.၂၇ ဘီလီယံခန့်) အထိ ပိုင်ဆိုင်မှုရှိလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ နီးပါးရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကစားသမားဘဝ လစာဝင်ငွေကနေ ဒေါ်လာသန်း ၅၅၀ အထိ ရှာဖွေနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဆော်ဒီကလပ် အယ်လ်-နာဆာ (Al-Nassr) နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်နှစ်လုပ်ခ ဒေါ်လာသန်း ၄၀၀ နဲ့အထက် ရရှိနေတယ်လို့ သိရပါတယ်။

ဒီအောင်မြင်မှုဟာ ရော်နယ်ဒိုကို ဘောလုံးသမားတစ်ဦးအနေနဲ့သာမက ကမ္ဘာ့အားကစားလောကမှာပါ စီးပွားရေးအရ အအောင်မြင်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေပြီ ဖြစ်ပါတယ်။

#mercury#mercurynews#ရော်နယ်ဒို#ဘီလျံနာ#အားကစား