ခရီးသည်ယာဉ်Express ဘရိတ်ပေါက်ပြီး ဆိုင်ကယ်ပြင်ဆိုင်တိုက်ပြီးချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိလို့(၂)ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
စက်တင်ဘာလ(၃)ရက်၊၁၂ ၅၀ အချိန်ခန့်၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား- တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းလမ်းဆုံမှာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ့ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပြင်ဆိုင်အတွင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး သေဆုံး၊ နေအိမ်အတွင်းရှိ ကျား(၁)ဦး သေဆုံးနှင့် ယာဉ်ပေါ်ပါ ကျား(၂၁)ဦး၊ မ(၆)ဦး စုစုပေါင်း(၂၇)ဦး အနက် ကျား(၄)ဦး၊ မ(၅)ဦး စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ကို တံတားဦးကျေးရွာမှ သုခဒါနပရဟိတအသင်းမှ သူနာတင်ယာဉ်(၃)စီးဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။
Photo Credit -MFSD
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#မှုခင်း