Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခါရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာ ချဲလ်ဆီး၊အာဆင်နယ်၊မန်စီးတီးတို့ အနိုင်ရပြီး လီပါပူးလ်နဲ့ စပါးရှုံး

၂၀၂၅၊အောက်တိုဘာလ၊၃၀ရက်

ဒီနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ခါရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာ ချဲလ်ဆီး၊အာဆင်နယ်၊မန်စီးတီးတို့ အသီးသီးအနိုင်ရပြီး လီပါပူးလ်နဲ့ စပါးတို့ ရှုံးပွဲတွေ့ခဲ့ပါတယ်။

ချဲလ်ဆီးက ဝုဖ်ကို အဝေးကွင်းမှာ လေးဂိုး-သုံးဂိုး၊အာဆင်နယ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိ၊မန်စီးတီးက ဆွမ်ဆီးကို အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အသီးသီး အနိုင်ရခဲ့ပြီး လီပါပူးလ်က အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို သုံးဂိုး-ဂိုးမရှိ၊စပါးကအဝေးကွင်းမှာ နယူးကာဆယ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ခါရာဘောင်ဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်မှာတော့ ချဲလ်ဆီးက ကာဒဖ်၊အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်၊မန်စီးတီးက ဘရန့်ဖို့လ်၊နယူးကာဆယ်က ဖူဟမ်နဲ့ဆုံတွေ့သွားမှာဖြစ်ပါတယ်။

#mercury#mercurynews#ဘောလုံး#အားကစား#CarabaoCup