—————————————————————–
ချင်းတွင်းမြစ်အပြင် စစ်တောင်းမြစ်၊ပဲခူးမြစ်ရေတွေပါကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်ရေဟာ မုံရွာမှာ စိုးရိမ်ရေအမှတ်အောက်(၃)လက်မခန့်မှာ ရောက်ရှိနေပြီး အဲဒီ့မြစ်ရေဟာ နောက်(၁)ရက်အတွင်း အဲဒီ့မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မှာ စိုးရိမ်ရေမှတ်အောက်ပေဝက်ကျော် ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း အဲဒီ့မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။
ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အောက်(၂)ပေခွဲကျော်မှာ ရောက်ရှိနေပြီး နောက်(၃၆)နာရီအတွင်း အဲဒီ့မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ဖော်ပြထား ပါတယ်။
ဒါကြောင့်မို့လို့ မုံရွာ၊မဒေါက်၊ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်နေထိုင် သူတွေအနေနဲ့ ရေဝင်ရောက်မှု လျှပ်တပြတ်ရေကြီးတာတွေဖြစ်ပေါ်နိုင်လို့ သတိပြု နေထိုင်ဖို့လိုအပ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြစ်ရေ#ပဲခူး#ပြည်တွင်းသတင်း