Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့မှာ အာဆင်နယ်က ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ရှုံးနိမ့်

၂၀၂၅၊ဧပြီလ၊၃၀ရက်

မနေ့ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်နဲ့ ပီအက်စ်ဂျီပွဲစဉ်မှာ ၁ဂိုး-ဂိုးမရှိနဲ့ အာဆင်နယ်က ရှုံးနိမ့် သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အိမ်ကွင်းဖြစ်နေသည့်တိုင်အောင် ပွဲအစမိနစ်တွေမှာ ပီအက်စ်ဂျီရဲ့ တိုက်စစ်ဆင်မှုတွေကို ခံခဲ့ရပြီး ပွဲချိန်၃ မိနစ်မှာတင် ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဒမ်ဘီလီရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာ နှစ်သင်းလုံး နောက်ထပ်ဂိုးတွေဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ ရှိပေမယ့် ဂိုးတွေဖြစ်မလာခဲ့တာကြောင့် ၁ဂိုး-ဂိုးမရှိနဲ့ဘဲ အဝေးကွင်းမှာ ပီအက်စ်ဂျီက အနိုင်ရသွားခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ဖို့အားသာသွားပြီဖြစ်ပါတယ်။

#mercury#mercurynews#မြန်မာ#အားကစား#သတင်း#championsleague