Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချမ်းမြသာစည်မြို့နယ်တွင် စိတ်ပြောင်းဆေးဝါး ကက်တမင် ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီခွဲအချိန်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၀ x ၁၁၁ လမ်း၊ ၆၂ လမ်းမှာ လမ်းလျှောက်လာသူ သက်ဇော်လင်း(ခ)ထွယ်အောင်ကို စစ်ဆေးရှာဖွေခဲ့ရာ ကက်တမင်းဆေးဝါးများအပြင် လက်ကိုင်ဖုန်းတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပါတယ်။ သိမ်းဆည်းရမိသည့် ကက်တမင်းရဲ့ ဒေသကာလပေါက်ဈေးမှာ ငွေကျပ်သိန်း ၄၀၀ ခန့်ရှိကြောင်း သိရပါတယ်။

ဖမ်းဆီးရမိသူ အသက် ၂၈ နှစ်အရွယ် သက်ဇော်လင်း(ခ)ထွယ်အောင်ကို အမှတ် (၁၁) နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်နေဆဲဖြစ်ကြောင်း CCDAC က ဖော်ပြထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#မှုးယစ်ဆေးဝါး