Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချယ်လ်ဆီးအသင်း ဘက်တစ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူး

၂၀၂၅၊မေလ၊၂၉ရက်

ချယ်လ်ဆီးအသင်းက ၂၀၂၅ ကွန်ဖရင့်လိဂ်ဖလားဗိုလ်လုပွဲမှာ ရီးယဲလ်ဘက်တစ်အသင်းကို ၁-၄ ဂိုးဖြင့် အနိုင်ယူပြီး ကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ပထမပိုင်းမှာ ဘက်တစ်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ချယ်လ်ဆီးဟာ ဒုတိယပိုင်းတွင် ပုံစံကောင်းပြန်ပြပြီး လေးဂိုးအထိ သွင်းယူသွားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ အင်ဇို ဖာနန်ဒက်ဇ်၊ နီကိုလပ် ဂျက်ဆင်၊ ဂျေဒန် ဆန်ချိုနှင့် မိုဆက်စ် ကိုင်စီဒိုတို့က သွင်းဂိုးတွေကို သွင်းယူခဲ့ကြပြီး ချဲလ်ဆီးဟာ ၂၀၂၁ ပြီးနောက် ပထမဆုံးMajorဖလားကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကွန်ဖရင့်လိဂ်ဖလားကို ချယ်လ်ဆီးအသင်းက ရယူနိုင်ခဲ့တာကြောင့် ယူအီးအက်ဖ်အေအောက်မှာ ပြုလုပ်တဲ့ အဓိကလိဂ်ဖလားလေးခုစလုံး—ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ Cup Winners’ Cup နဲ့ ကွန်ဖရင့်လိဂ်ဖလား၊အားလုံးကို ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

#mercury#mercurynews#အားကစား#ချဲလ်ဆီး#Conference League