Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချယ်လ်ဆီးအသင်း ဘရိုက်တန် မှ João Pedro ကို ပေါင် ၅၀ သန်းကျော်ဖြင့် ခေါ်ယူ

၂၀၂၅၊ဇွန်လ၊၃၀ရက်

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်ရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား João Pedro ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး အပြောင်းအရွှေ့ကို ဘရိုက်တန်ဘက်ကလည်း အတည်ပြုထားကြောင်း သိရပါတယ်။

João Pedro အတွက် ပြောင်းရွှေ့ကြေးအဖြစ် ချဲလ်ဆီးအသင်းက ပေါင် ၅၀ သန်းကျော် ပေးချေသွားမှာဖြစ်ပြီး ၂၀၃၂ ခုနှစ် ဇွန်လအထိ ၇နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

João Pedro ဟာ အင်္ဂါနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး၊အဲ့ဒီနောက် အမေရိကန်သို့ သွားရောက်ကာ FIFA Club World Cup ပြိုင်ပွဲအတွက် ချဲလ်ဆီးအသင်းနှင့် ပူးပေါင်းမှာဖြစ်ပါတယ်။

#Mercury#mercurynews#ချဲလ်ဆီး#အားကစား#JoãoPedro