ယူတားပြည်နယ်ရှိ တက္ကသိုလ်ဝင်းအတွင်း ကွန်ဆာဗေးတစ်ဝါဒီ ချာလီကတ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူ တိုင်လာ ရော်ဘင်ဆန်ဟာ ပြစ်မှုကျူးလွန်ပြီးနောက် ဝန်ခံခဲ့ကြောင်း CBS သတင်းဌာနက ဖော်ပြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရော်ဘင်ဆန်ဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုကြောင်း ဖခင်ကို ပြောကြားခဲ့တယ်လို့ CBS သတင်းဌာနက ဖော်ပြပါတယ်။
ဖခင်ဖြစ်သူက မိသားစုနဲ့ ရော်ဘင်ဆန်တို့ နီးစပ်တဲ့ ခရစ်ယာန်လူငယ် တရားဟောဆရာတစ်ဦးကို ခေါ်ယူခဲ့ကာ ဖခင်နဲ့ တရားဟောဆရာတို့က ရော်ဘင်ဆန်ကို ရဲလက်ထဲ အဖမ်းခံရန် ဖျောင်းဖျနားချခဲ့ကြပါတယ်။
နောက်ဆုံးမှာ တရားဟောဆရာက အမေရိကန် လုံခြုံရေးတပ်ဖွဲ့ကို ခေါ်ယူခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က ရော်ဘင်ဆန်ကို ထိန်းသိမ်းခဲ့ပါတယ်။ နောက်ပိုင်းတွင် FBI ရောက်ရှိလာကာ ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။
#mercury#mercuryvariety#နိုင်ငံတကာသတင်း#အမေရိကန်