Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချားလ်စ်ဘုရင် ဖောင်ဒေးရှင်းမှဦးစီးပြီး’အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့’ပွဲရန်ကုန်၌ကျင်းပခဲ့

——————————

၂၀၂၆ခုနှစ်၊မတ်လ၊(၉)ရက်

ချားလ်စ်ဘုရင်မင်းမြတ်တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်း Turquoise Mountain Myanmar မှဦးစီးကျင်းပတဲ့’အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့’လက်မှုအနုပညာပြပွဲ၊လက်မှုပစ္စည်းအရောင်းပွဲကို မတ်လ(၈)ရက်မှာ ကျင်းပခဲ့ပါတယ်။

ပြပွဲမှာ အမျိုးသမီးတွေဖန်တီးထားတဲ့ လက်မှုချည်ထည်၊ယက်ကန်းထည်၊ ကြိမ်ထည်၊ သဲပန်းချီအိတ်တွေ၊ မြေထည်၊ ချည်အရုပ်တွေ၊မြေအရုပ်တွေနဲ့ Turquoise Mountain Myanmar မှဖန်တီးထားတဲ့ ယွန်းထည်၊ရွှေထည်လက်ရာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

‘’ Turquoise Mountain Myanmar က ပြည်တွင်းမှာရှိတဲ့လက်မှုပညာတွေကို မြှင့်တင်ပြီးတော့ ဒီဇိုင်းပိုင်းအရလည်း ခေတ်နဲ့အညီ ဖြစ်အောင် Heritage(ယဉ်ကျေးမှုအမွေအနှစ်)ကိုလည်း ထိမ်းသိမ်းရာလည်းဖြစ်သလို ‌ပြောင်းလဲတိုးတက်တဲ့ခေတ် နဲ့အညီဖြစ်အောင်လည်း သင်တန်းတွေအမျိုးမျိုးပေးရတယ်ပေါ့။Production Levelတစ်ခုရောက်လာရင် ‌ရောင်းချမှုအပိုင်းတွေ ဆောင်ရွက်ပေးတယ်။ရောင်းချမှုအပိုင်းမှာဖိုးစိန်လမ်းမှာရောင်းချပေးတယ်။ဒီပစ္စည်းတွေကို ဒီမှာတင်ရောင်းချပေးတာ မဟုတ်ဘဲ နိုင်ငံတကာကိုလည်းတင်ပို့ရောင်းချပေးတယ်။UK,USတို့မှာရောင်းချပေးတယ်။

မြန်မာနိုင်ငံမှာကျတော့ ယက်ကန်းထည်တွေကို ဝတ်ဆင်ကြတာများတယ်။ဒါပေမယ့်တစ်ခြားနိုင်ငံတွေမှာတော့ အခြားသောပုံစံတွေနဲ့ Creative innovate တွေလုပ်ပြီးသုံးကြတယ်။Decorateတွေလုပ်ပြီးလည်းသုံးစွဲကြတယ် ”လို့ Turquoise Mountain Myanmar က Programme Manager May Thin Khineက Mercury Newsကိုပြောပြပါတယ်။

ပြပွဲမှာ အမျိုးသမီးအနုပညာရှင်၊လက်မှုပညာရှင်တွေဖန်တီးထားတဲ့ လက်ရာတွေကို ခင်းကျင်းပြသ၊ရောင်းချခဲ့သလို In collaboration with Prevent Plastics+ and other partner organizations ကအမျိုးသမီးတွေ ဦးဆောင်တဲ့ ဆိုင် ၄၄ ဆိုင်ပါဝင်တဲ့ လက်မှုဈေးကို တစ်နေ့တာလုံး ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။