Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချောက်မြို့နယ်တွင် မိုးကြီးပြီး မြေထိန်းနံရံပြိုကျမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အောင်မြေပြည်တော်သာရပ်မှာ ဒီနေ့ (စက်တင်ဘာ ၂၆ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံကျောက်တန်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ချောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဟာ သတင်းရရှိပြီးနောက် ပြိုကျနေတဲ့ အပိုင်းအစများကို ရှင်းလင်းရေးလုပ်ငန်းများနဲ့ ဒေသခံများကို ဘေးကင်းရာဆီ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

#mercury#mercurynews#သဘာ၀ဘေး#မြန်မာ#ပြည်တွင်းသတင်း