Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချဲလ်ဆီးကို ရင်ဆိုင်ရမည့်အပေါ် ရင်ခုန်ကြောင်း နီကိုလပ် ဂျက်ဆင်ပြော

ချဲလ်ဆီးကနေ ဘိုင်ယန်မြူးနစ်မှာ အငှားကစား‌နေတဲ့ နီကိုးလပ် ဂျက်ဆင်ဟာ လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့်အပေါ် ရင်ခုန်ကြောင်း သူ့ရဲ့ ခံစားချက်ကို ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ကတော့ ချဲလ်ဆီးအသင်းက သူငယ်ချင်းတွေနဲ့ အသင်းဖော်တွေကို ပြန်မြင်တွေ့ရမှာကို ပျော်နေမိပါတယ်။ ကျွန်တော်တို့ ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားနိုင်ပြီး အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဂျက်ဆင်က ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပြီးဆုံးပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

#mercury#mercurynews#ချဲလ်ဆီး#jackson#championsleague