ဆားဘီးယားလက်ရွေးစင် ဂိုးသမား Djorde Petrovic ဟာ ချဲလ်ဆီးအသင်းမှ နှစ်ရာသီအကြာတွင် ထွက်ခွာဖို့ အခြေအနေများ ကြုံတွေ့နေရကြောင်း နောက်ဆုံးရသတင်းများက ဖော်ပြနေကြပါတယ်။
Petrovic ကို ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ် အပါအဝင် ပြင်သစ်ကလပ် မိုနာကို နဲ့ အီတလီထိပ်တန်းကလပ် ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေကြသလို ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ ချဉ်းကပ်မှုများလည်း ရှိနေတာကြောင့် ချဲလ်ဆီးအသင်းဟာ Petrovic ကို ပေါင် ၂၅ သန်းအထိ စျေးခေါ်ပြီး ပြန်လည်ရောင်းချရန် ပြင်ဆင်နေပါတယ်။
ချဲလ်ဆီးအသင်းနဲ့ နီးစပ်သည့် သတင်းရင်းမြစ်များရဲ့ အဆိုအရ Petrovic ဟာ သူရဲ့ ပုံရိပ်အသုံးပြုခွင့် (Image Rights) များကို အခြားအဖွဲ့အစည်းတစ်ခုသို့ ရောင်းချထားသည်ဟု စွပ်စွဲခံထားရတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွေ့ကိစ္စတွေ မဖြစ်ခင် အဆိုပါအခြေအနေကို ဖြေရှင်းရဖွယ်ရှိကြောင်းလည်း သိရပါတယ်။
Petrovic ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အမေရိကန်ကလပ် နယူးအင်္ဂလန် ရီဗော်လူးရှင်း (New England Revolution) မှ ချဲလ်ဆီးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။
#mercury#mercurynews#အားကစား#ချဲလ်ဆီး#petrovic