Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချဲလ်ဆီးနှင့် ဘိုင်ယန်တို့ တိုက်စစ်မှူး ဂျက်ဆင်အတွက် သဘောတူညီမှုရရှိ

ချဲလ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဂျက်ဆင်ကို ဘိုင်ယန်မြူးနစ်ဆီ အငှားချလိုက်ခြင်းအတွက် ပေါင် ၁၄ သန်း ရရှိမှာဖြစ်ပြီး၊ အပြီးသတ်ဝယ်ယူခွင့်မှာတော့ ကစားသမားရဲ့ ဒီရာသီပွဲထွက်ကစားနိုင်တဲ့ အရေအတွက်ပေါ်မူတည်ပြီး အပြောင်းအလဲရှိလာနိုင်ပါတယ်။

လက်ရှိသဘောတူညီမှုမှာ အပြီးသတ်ဝယ်ယူခွင့်က Option to Buy (ဝယ်ယူရန် ရွေးချယ်ခွင့်) ဖြစ်ပေမဲ့၊ ဂျက်ဆင်ရဲ့ ဒီရာသီပွဲကစားချိန်အပေါ်မူတည်ပြီး Obligation to Buy (မဖြစ်မနေဝယ်ယူရမည့်အခြေအနေ) အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြီးသတ်ဝယ်ယူကြေးကတော့ ပေါင် ၅၆ သန်း ဖြစ်ကြောင်း သိရပါတယ်။

#Mercury#mercurynews#အားကစား#ချဲလ်ဆီး#Jackson#BayernMunich