ငလျင်အပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ခြေလက်ဆုံးရှုံးခဲ့သူတွေကို ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ ခြေတု၊လက်တု
အခမဲ့တပ်ဆင်ပေးဖို့ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ၊ JAIPUR မြို့ရှိ BMVSS (JAIPUR FOOT)နဲ့ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ စတုတ္ထအကြိမ်မြောက် ခြေတု၊လက်တု တပ်ဆင်ပေးမယ့်အလှူတော်ကို အောက်တိုဘာ ၂ ရက်၊ တောင်ဒဂုံ၊ “ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်”မှာပြုလုပ်မှာဖြစ်ပြီး လူဦးရေ(၃၀၀)ကိုတပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။
‘’ ခြေတု၊လက်တုအခမဲ့တပ်ဆင်ပေးဖို့ လူဦးရေ(၃၀၀)လောက်ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ လက်ရှိစာရင်းအရကတော့ စာရင်းပေးထားသူ(၂၀၀)ဦးကျော်ရှိနေပါပြီ။ခြေတု၊လက်တုလုပ်ဖို့လိုအပ်နေတဲ့သူတွေအနေနဲ့ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။ ကုန်ကျစရိတ်အားလုံးကို ကျွန်တော်တို့ ဖောင်ဒေးရှင်းက ကုန်ကျခံပေးသွားမှာပါ”လို့ ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးစိုးလွင်က Mercury News ကိုပြောကြားထားပါတယ်။
ခြေတု၊ လက်တုတပ်ဆင်လိုသူတွေအနေဖြင့် နယ်မှလာရောက်သူများကို အသိမိတ်ဆွေမရှိပါက ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှ တည်းခိုနေထိုင်နိုင်ဖို့စီစဥ်ပေးသွားမှာဖြစ်ပြီးနံနက်စာ၊ ညစာနဲ့ နေ့လည်ပိုင်းမှာလည်း ကော်ဖီတို-က်ကျွေးခြင်းများပြုလုပ်ပေးသွားမှာဖြစ်လို့ ခြေတု၊ လက်တုတပ်ဆင်ခြင်းမပြုမှီ တစ်ရက် ကြိုတင်လာရောက်ရမှာ ဖြစ်ပါတယ်။
ခြေတု၊လက်တု တပ်ဆင်လိုသူများအနေဖြင့် ဖောင်ဒေးရှင်းအတွင်းရေးမှူးဦးစိုးလွင် ဖုန်း ၀၉ ၇၉၈၄၆၇၀၁၂ သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#ခြေတု#လက်တု#မြန်မာ#ပြည်တွင်းသတင်း