ဂျပန်နိုင်ငံ၊ ချီဘာ (Chiba) ပြည်နယ်၊ နိုဒါ (Noda) မြို့မှာ ဇွန်လ ၁၅ ရက် နံနက် ၄ နာရီကျော်ခန့်က မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုကျူးလွန်ခဲ့သူဟာ အသက် ၂၄ နှစ်အရွယ် ထွန်းထွန်းဝင်း ဖြစ်ပြီး သူ့ရဲ့ အသက် ၂၀ အရွယ် မြန်မာလူမျိုးသူငယ်ချင်းတစ်ဦးကို အတူတကွ အရက်သောက်ရင်း မူးယစ်ကာ ရန်ဖြစ်ရာမှ ဓားနဲ့ထိုးသတ်ခဲ့ခြင်းဖြစ်ပါတယ်။
အိမ်နီးနားချင်းများက နိုင်ငံခြားသားတစ်ဦး အော်ဟစ်နေကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ပြီး ရဲများရောက်ရှိလာတဲ့အခါ လမ်းပေါ်မှာ သွေးထွက်ကာ လဲကျနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသားကို ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်မကယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ထွန်းထွန်းဝင်းက အရက်သောက်ရာမှ ရန်ဖြစ်စကားများကာ ပြုလုပ်မိခြင်းတာ ဖြစ်ပြီး သတ်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း ထွက်ဆိုထားပေမယ့် ဂျပန်ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။