Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဂျာမနီ၌ကျင်းပမည့် ခေတ်ပြိုင်အနုပညာပြပွဲကြီးအတွက် မြန်မာများပါဝင်လျှောက်ထားနိုင်

—————————————————

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃)ရက်

ဂျာမနီနိုင်ငံ၊ဘာလင်မြို့မှာ ဇွန်လ(၁၄)ရက်ကနေ စက်တင်ဘာလ(၁၄)ရက် အထိ ကျင်းပလျက်ရှိတဲ့ Berlin Biennale ခေတ်ပြိုင်အနုပညာပြပွဲကြီးအတွက် တက်သစ်စကျူရေတာတွေနဲ့ အနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်တွေ လျှောက်ထားဖို့ လျှောက်လွှာတွေခေါ်ယူနေတယ်လို့ သိရပါတယ်။

လျှောက်လွှာတွေကို ဇူလိုင်လ(၁၃)ရက်အထိလျှောက်ထားနိုင်မှာဖြစ်ပြီး Goethe-Institut Myanmar Pageမှာချထားပေးတဲ့လင့်ခ်မှာ ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဘာလင် ဘိုင်အန်းနယ် (Berlin Biennale) ဆိုတာက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ၂ နှစ်တစ်ကြိမ် ကျင်းပတဲ့ ခေတ်ပြိုင်အနုပညာပြပွဲကြီးတစ်ခု ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာက နာမည်ကြီးရော၊ နာမည်မကြီးသေးတဲ့ အနုပညာရှင်တွေကိုပါ သူတို့ရဲ့ ခေတ်ပြိုင်အနုပညာ လက်ရာတွေကို ပြသဖို့အတွက် ပလက်ဖောင်းတစ်ခု ပေးတာဖြစ်ပါတယ်။

#mercury#mercurynews#ဂျာမနီ#မြန်မာ#ပြည်တွင်းသတင်း