Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငမိုးရိပ်ဆည်ရေပြည့်ဖို့လေးပေးသာလို

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၅)ရက်

အခုရက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ငမိုးရိပ်ဆည်ပြည့်ဖို့ (၄)ပေသာလိုတော့တယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာမှ သိရပါတယ်။

ငမိုးရိပ်ဆည်တမံဟာရေပြည့်အမှတ်(၁၀၇)ပေရှိရာမှာ အခုလက်ရှိ သြဂုတ်လ(၁၅)ရက်မှာတော့ (၁၀၂.၃၅)ရှိပြီဖြစ်ပြီး ရေပြည့်အမှတ်ရောက်ဖို့ (၄.၆၅)ပေသာလိုတော့တာဖြစ်ပါတယ်။

မဟူရာဆည်၊ပေါင်းလင်းဆည်၊လဂွမ်းပြင်ဆည်၊ကလီထော်ဆည်၊ တောင်လုံးမြောင်ဆည်တွေမှာလည်း ရေပြည့်အမှတ်တွေနီးလာတယ်လို့ဆိုပါတယ်။

နှစ်စဉ်နှစ်တိုင်းမိုးရာသီမှာ ငမိုးရိပ်ဆည်နဲ့ အခြားဆည်အချို့မှာ ရေပြည့်အမှတ်ရောက်တာ၊ ရေပြည့်အမှတ်ကျော်လွန်တာတွေ ရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#စိုက်ပျိုးရေး#ပြည်တွင်းသတင်း