မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အစိုးရကဏ္ဍမှာ ပျက်စီးဆုံးရှုံးမှုဟာ ကျပ် ၄,၇၇၉ ဘီလီယံကျော်တယ်လို့ ဒီနေ့ထုတ် ပြည်တွင်းသတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုတွေမှာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သာသနာရေး၊ ယဉ်ကျေးမှု၊ အစိုးရစက်ရုံ/အလုပ်ရုံ၊ ရုံးအဆောက်အဦစတာတွေ ပါဝင်တယ်လို့ သိရပါတယ်။
ပုဂ္ဂလိကကဏ္ဍမှာ ပျက်စီးဆုံးရှုံးမှုကတော့ ကျပ် ဘီလီယံ ၃,၂၀၀ ကျော်ဖြစ်ပြီး စုစုပေါင်းကတော့ ကျပ်ဘီလီယံ ၇,၉၇၉ ကျော်ရှိခဲ့ပါတယ်။
ပုဂ္ဂလိက ကဏ္ဍမှာ လူနေအိမ်တွေ၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေ၊ ဆေးရုံ/ဆေးခန်းတွေနဲ့ စိုက်ပျိုးသီးနှံတွေ ပါဝင်ပါတယ်။
ကမ္ဘာဘဏ်ကတော့ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ပျက်စီးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#ငလျင်#မြန်မာ#ပျက်စီး#ပြည်တွင်းသတင်း