မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားကြီးငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ယနေ့ မနက် ၁၀နာရီ ၁၅ချိန်မှာ ကယ်ဆယ်ရေး၀န်ထမ်းများက (C) အဆောင်ကနေ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့တဲ့ မန္တလေးမြို့ရဲ့ အဆောက်အဦးတွေထဲမှာ Sky Villaကွန်ဒိုဟာ လူသေဆုံးမှု အများဆုံး ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
#myanmar#mercury#mercurynews#sky Villa #ပြည်တွင်းသတင်း