Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငလျင်ဒဏ်ခံခဲ့ရသည့်ဒေသများမှပြည်သူများ ချေးငွေများလျှောက်နိုင်

————————————————————————–

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁၈)ရက်

အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရတဲ့ မန္တလေး၊စစ်ကိုင်း၊နေပြည်တော်၊မကွေး၊ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေမှာနေထိုင်တဲ့ ငလျင်ဘေးသင့်ပြည်သူတွေအနေနဲ့ ချေးငွေတွေလျှောက် ထားနိုင်ပြီဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချေးငွေအစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့်ဘဏ်နဲ့ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းတွေကနေချေးငွေရယူနိုင်မှာဖြစ်ပြီး နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် (၃) နှစ်မှ (၅)နှစ်အထိ သက်တမ်းရှိသည့် ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်တယ်

လို့ဆိုပါတယ်။

ချေးငွေရယူနိုင်တဲ့အစီအစဉ်တွေကတော့

.နေအိမ်နှင့် အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေ (အတိုးနှုန်း ၃ %)

• အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေ (အတိုးနှုန်း ၅ %)

• စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင် ရေးချေးငွေ(အတိုးနှုန်း ၇ %)

• နိုင်ငံပိုင်အခြေခံအဆောက်အအုံများ တာဝန်ယူတည်ဆောက်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ အတွက် ယာယီချေးငွေ (အတိုးနှုန်း ၇ %)ဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။

ချေးငွေရယူနိုင်တဲ့ ဘဏ်နဲ့အဖွဲ့အစည်းတွေကတော့ AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့ကိုချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် (SOP) နှင့်အညီ ရွေးချယ်ထားတယ်လို့ ဖော်ပြထားပါတယ်။ (SOP အသေးစိတ်အချက်များကို CBM Website www.cbm.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။)

#mercury#mercurynews#ငလျင်#မြန်မာ#ပြည်တွင်းသတင်း