၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၆)ရက်
ငလျင်ဒဏ်ခံရတွေ လုပ်သားတွေ၊ကျန်ရစ်သူမိသားစုတွေကို လူမှုဖူလုံရေးကအာမခံကြေးပေးဖို့ စက်တင်ဘာလ(၆)ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အာမခံအလုပ်သမားများပေးတဲ့ လုပ်ခလစာငွေရဲ့ (၄၀)ရာခိုင်နှုန်းနဲ့ညီမျှတဲ့ အကျိုးခံစားခွင့်ကို သတ်မှတ်ချက်တွေနဲ့အညီထုတ်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ နေပြည်တော်၊မန္တလေး၊စစ်ကိုင်း၊ပဲခူး၊မကွေး၊ရှမ်းပြည်နယ်ရှိ လုပ်သားတွေ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးတွေကိုပေးပို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။