၂၀၂၅ခုနှစ်၊ဧပြီလ၊(၃၀)ရက်
ငလျင်ပြန်လည်ထူထောင်ရေးအတွက် ‘သံ၊သံမဏိ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဈေးရောင်း ပွဲတော်’ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ငလျင်ဖြစ်ပွားရာဒေသတွေမှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးကြီးမြင့်နေတာတွေ့ရတဲ့အတွက် စက်မှုဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
ဈေးရောင်းပွဲတော်မှာ ဈေးနှုန်းလျှော့ချရောင်းသွားဖို့ရှိပြီး မန္တလေး၊နေပြည်တော်နဲ့စစ်ကိုင်းတို့မှာ ကျင်းပပြုလုပ်သွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
#mercury#mercurynews#ပြည်တွင်းသတင်း#ငလျင်#မြန်မာ