———————————————————————————————–
၂၀၂၅ခုနှစ်၊မေလ၊(၆)ရက်
ငလျင်ပြန်လည်ထူထောင်ရေးအတွက် ‘ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေပဒေသာကပွဲ’ကျင်းပဖို့
စီစဉ်ထားတယ်လို့ သိရပါတယ်။
မေ (၁၀)၊ (၁၁)၊ (၁၂)ရက်မှာ အမျိုးသားကဇာတ်ရုံ (ရန်ကုန်)၌ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များစုပေါင်းပြီး ရန်ပုံငွေ ပဒေသာကပွဲကျင်းပဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးကဆိုပါတယ်။
မန္တလေးငလျင်ကြီး ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲကို ရန်ကုန်မြို့ ဒဂုံမြို့ နယ်၊မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ မေ (၁၀)ရက်မှ (၁၂)ရက်အထိ သုံးရက်တိုင်တိုင် ညနေ (၅)နာရီခွဲမှ ည ၁၀နာရီအထိ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynnews#ပဒေသာ#ပြည်တွင်းသတင်း#ရံပုံငွေ