နောက်ဆက်တွဲငလျင်လချီရှိဦးမည်
၂၀၂၅ခုနှစ်၊မေလ(၁၂)ရက်
ပြင်းထန်ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုတွေဟာ မေလ(၁၂)ရက်မနက်ပိုင်းမှာဆိုရင်ငလျင်လှုပ်ခတ်မှုအကြိမ်အရေအတွက် (၁၇၀)ရှိသွားပြီဖြစ်တယ်လို့ မြေငလျင်ဌာနခွဲရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မတ်လ(၂၈)ရက်က ရစ်တာစကေး(၇.၇)အဆင့်ရှိငလျင်လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲငလျင်တွေဟာ စစ်ကိုင်း၊မန္တလေး၊နေပြည်တော်၊ပဲခူး၊ရှမ်းပြည်နယ်တို့မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆက်တွဲငလျင်တွေမှာ ပြင်းအားအနေနဲ့ အမြင့်ဆုံးရစ်တာစကေး(၇.၅)အဆင့်ရှိခဲ့ပြီး ရစ်တာစကေး(၆)ကျော်၊(၅)ကျော်၊(၄)ကျော်၊(၃)ကျော်တဲ့ ငလျင်တွေဆက်တိုက်လှုပ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ငလျင်ကော်မတီမှ ငလျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ နောက်ဆက်တွဲငလျင်တွေက ငလျင်ပြင်းလှုပ်ခတ်ပြီးနောက်(၃)လမှ (၇)လအထိ နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်နိုင်ခြေရှိပြီးတဖြည်းဖြည်း အင်အားနည်းက ငြိမ်သက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
#Mercury#mercurynews#ငလျင်#ပြည်တွင်းသတင်း