မြန်မာနိုင်ငံမှာအခုစက်တင်ဘာလ ဒုတိယ(၁၀)ရက်တာမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်သလို မြစ်ရေတွေလည်းထပ်တက်ဖို့ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
အနောက်တောင် မုတ်သုံလေကတော့စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ဆိုပါတယ်။
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီးမြစ်ရေတွေလည်းမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၁ ပေခွဲမှ ၃ ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပြီး၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့မှာ ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သလို ကျန်မြစ်ရေတွေလည်း တက်လာနိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#ဧရာဝတီ#မိုးလေဝသ#မြန်မာ#ပြည်တွင်းသတင်း