Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စက်သုံးဆီအခက်အခဲကြောင့်ဆိုပြီး TAXIတက်စီနှင့်သုံးဘီးဆိုင်ကယ်ငှားခများတက်လာ၊ဒီဇယ်ပြတ်မှာအထူးစိုးရိမ်နေကြ

————————————————————————————————–

၂၀၂၆ခုနှစ်၊မတ်လ၊(၅)ရက်

အခုရက်ပိုင်းမှာ စက်သုံးဆီအခက်အခဲကြောင့်ဆိုပြီး TAXIတက်စီနဲ့သုံးဘီးဆိုင်ကယ်ငှားခတွေ

တက်လာတယ်လို့ ငှားရမ်းသူတွေထံမှသိရပါတယ်။

သင်္ဃန်းကျွန်းနဲ့ ဗဟန်းမြို့နယ်ကို အရင်က ကျပ်တစ်သောင်းဝန်းကျင်သာ တောင်းခံလေ့ရှိပေမယ့် မတ်လ(၄)ရက်မှာ တော့ ဆီကားဆိုပြီး ကျပ်နှစ်သောင်းတောင်းခံပါတယ်။

‘’အဲဒီ့နေ့ကအလာတုန်းကတောင် Grabနဲ့တစ်သောင်းနှစ်ထောင်ကို အပြန်မှာ လက်တားနဲ့နှစ်သောင်းတောင်းလို့ တစ်သောင်းခွဲနဲ့ ရမှလိုက်မယ်လို့ ပြောလိုက်မှ ရသွားတယ်” ရန်ကုန်မြို့မှာ တက်စီငှားရမ်းသူတစ်ဦးကပြောပြထားပါတယ်။

တက်စီမောင်းတဲ့ယာဉ်မောင်းက’’ကျွန်တော်တို့ ဆီသွားသွားတန်းစီနေရတာဒုက္ခများနေပါတယ်။ အချို့ဆီ‌ရောင်းတဲ့နေရာတွေက ၉၂မရဘူး။ကုန်နေတယ်။ကျွန်တော်တို့ စိုးရိမ်တာက ဒီဇယ်ပြတ်မှာကိုပဲ။ ဒီဇယ်ပြတ်ရင် အဝေးပြေးကားတွေအကုန်လုံး ရပ်သွားနိုင်တယ်။ ဒါလေးပဲစိုးရိမ်နေတာ။ရထားလည်းဒီဇယ်ပဲသုံးနေရတာ” လို့ပြောထားပါတယ်။

အလားတူဘဲ သင်္ဃန်းကျွန်းမြို့နယ်အတွင်းသွားလာနေကျဖြစ်တဲ့ သုံးဘီးဆိုင်ကယ်တွေလည်းအရင်က နှစ်ထောင်တန် လမ်းကြောင်းကိုအခုစက်သုံးဆီဈေးတက်လို့ဆိုပြီး လေးထောင်တောင်းကြတယ်လို့ သိရပါတယ်။

စက်သုံးဆီပြတ်လတ်မှုကိုစိုးရိမ်နေကြပေမယ့် စွမ်းအင်ဝန်ကြီးဌာနကတော့ ရက်(၄၀)စာရှိသေးကြောင်းနဲ့ နောက်ထပ်ဆီတင် သင်္ဘော(၁၀)စင်းထပ်ဝင်ဖို့ရှိသေးကြောင်းထုတ်ပြန်ထားပါတယ်။