၂၀၂၆ခုနှစ်၊မတ်လ(၅)ရက်
စက်သုံးဆီ ရောင်းချခြင်း မပြုတဲ့ဆိုင်တွေကို တိုင်ကြားနိုင်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
ပြည်သူတွေအနေဖြင့် စက်သုံးဆီများ ပုံမှန်ရောင်းချပေးနိုင်တဲ့အတွက် မလိုအပ်ဘဲ ဝယ်ယူခြင်း မပြုဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
စက်သုံးဆီရောင်းချပေးခြင်း မရှိတဲ့ဆိုင်တွေနဲ့ ပတ်သတ်ပြီး တိုင်ကြားလိုပါက ၀၉-၇၉၇၄၂၁၀၉၅၊ ၀၉-၅၂၄၀၃၆၃ သို့ ဆက်သွယ်တိုင်ကြားနိုင်မှာဖြစ်ပါတယ်။
အဲဒီ့လို တိုင်ကြားလာပါက စက်သုံးဆီ မရောင်းချပေးသည့် အရောင်းဆိုင်တွေကို ပိတ်သိမ်းမှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။
