၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ကနီမြို့ ရဲ့ အနောက်ဘက် မိုင် ၂၁မိုင် အကွာမှာ အင်အား ရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၁၀) မိနစ်၊ (၃၀) စက္ကန့်အချိန်မှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကနီမြို့ရဲ့ အနောက်ဘက် (၂၁) မိုင်ခန့်အကွာ၊မြေအောက်အနက် ကီလိုမီတာ ၈၀ ကျော် (၈၄ ကီလိုမီတာ) ကို ဗဟိုပြုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#mercury#mercurynews#ငလျင်#မြန်မာ#ပြည်တွင်းသတင်း