စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ (၁၇) လမ်းနှင့် (၂၆x၂၇) လမ်းကြားမှာ မနေ့က (အောက်တိုဘာ ၂၆) ရက်၊ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာနေရာကို စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများ၊ အရန်မီးသတ်စခန်းများနှင့် ပရဟိတအဖွဲ့များမှ မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း (၁၀) စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြတာကြောင့် မီးလောင်မှုဖြစ်ပွားပြီး မိနစ် ၂၀ အကြာ၊ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#မြန်မာ#မီးလောင်#ပြည်တွင်းသတင်း
